THOUSANDS OF FREE BLOGGER TEMPLATES

Hero Record Of Our Generation

Hero Record Of Our Generation

spit out here, no rules for u all


Friday, June 27, 2008

Wanted



နေဘုန်းလတ် အင်ဂျင်နီယာ၊စာရေးစရာ၊ဘလော့ဂါ၊NLD လူငယ်တာဝန်ခံဟောင်း၊

ဒီလိုလူငယ်ပီသတဲ့လူငယ်စစ်စစ်တွေလိုနေတယ်။

မင်းတို့ ငါတို့ လိုလူငယ်တယောက်...

ငွေနောက်မလိုက်ပဲ...

တကိုယ်ရည်အောင်မြင်မှုနောက်မလိုက်ပဲ

လူငယ်ရဲ့ အစွယ်ကိုထုတ်ပြခဲ့တယ်

အနုပညာနဲ့ ရောအတတ်ပညာနဲ့ ပါတော်လှန်ရေးကိုလမ်းပြပေးခဲ့တယ်...

ဘယ်မှာလဲ ငါတို့ မနက်ဖြန်တွေအတွက်သူ့ လိုလူငယ်တွေ

Believe In Yourself

AGE OF FEAR

Arrested HipHopper, Generation Wave Leader.


မြန်မာလူငယ်ထုကြားမှာဟစ်ဟော့သီချင်းတွေနဲ့ေ၇ပန်းစားခဲ့တဲ့ Acidအဖွဲ့ မှ အဆိုတော် ဇေယျာသော်(ခ)ကျော်ကျော် နှင့် အပေါင်းအသင်းများအား နအဖစစ်အာဏာပိုင်များက ၂၀၀၈ခုနှစ်၊ မတ်လ၊ ၁၂ရက်နေ့က မတရားဖမ်းဆီးထားခဲ့တာဆိုရင် ဇွန်လ ၁၂ရက်နေ့က ၃လတင်းတင်းပြည့်ခဲ့ပါပြီ။

ဇေယျာသော်နှင့်အပေါင်းအသင်းတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ရက်ညက ရန်ကုန်မြို့၊ ဆရာစံလမ်း မှာဖွင့်လှစ်ထားတဲ့ Gold Feather စားသောက်ဆိုင်မှာ အတူတကွ ညစာစားသောက်နေစဉ် စစ်အာဏာ ပိုင်တွေက ၀င်ရောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇေယျာသော် အပါအ၀င် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မဟာ ဘွဲ့ အင်ဂျင်နီယာ ကျောင်းသား အောင်ဇေဖြိုး၊ ရန်ကုန်ဆေးသက္ကသိုလ်(၁)မှ ဒုတိယနှစ် ကျောင်းသားဟောင်း အာကာဗိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယနှစ် အဝေးသင်ဥပဒေ ကျောင်းသား သီဟ၀င်းတင်နှင့် သူငယ်ချင်းနှစ်ဦးအပါအ၀င် စုစုပေါင်း (၆) ဦးတို့ကို မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) အဖွဲ့ဝင်များဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့်ဖမ်းဆီးခဲ့ပြီး ၄င်းတို့  အား မတရားအသင်း ဖွဲ့စည်း တည် ထောင်မှု ပုဒ်မ (၆/၈၈) ဥပဒေဖြင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။

Generation waveသည် စက်တင်ဘာ အရေးတော်ပုံ ရွှေဝါရောင်တော်လှန်ရေး နှင့်အတူ မွေးဖွားလာသော မျိုးဆက်သစ်လူငယ်များနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များမှာ အသက်(၂၀) ကျော် ကျောင်းသားလူငယ်များဖြစ်ကြသည်။ အာဏာရှင်ဆန့်ကျင်ရေးတေးသီချင်းများ၊ ထုတ်ပြန် ကြော်ငြာချက်များ နှင့် တော်လှန်ရေး လုပ်ငန်းများကို မြန်မာ လူငယ်ထု အတွင်း လျှင်မြန်စွာစီးဆင်းပြန့်ပွားရေးအတွက် အရှိန် အဟုန်မြှင့်ဆောင်ရွက်နေသူများ ဖြစ်ကာ generation wave နှင့် Freedomfighter အဖွဲ့တို့ပူးတွဲ ၍ထုတ်ဝေခဲ့သော နိုးထကြလော့ “အိုမြန်မာ” (generation wave) အဖွဲ့မှ ကန့်ကွက်ဆန္ဒမဲ ပေးကြရန် မြန်မာလူထု အား လှုံ့ဆော်သည့် NO NO NO သီချင်းတို့ကို ဖြန့်ဝေခဲ့သည့်အပြင် နာဂစ် လေဘေးဒုက္ခသည်တွေကို လည်း မိမိတို့ တတ်နိုင် သည့်ဘက် မှ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို တဖက်ကလုပ်ဆောင်ရင်း စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာပြည်တွင်းမှ လူတွေသိအောင် နိုးဆော်လှုပ်ရှားခဲ့ကြသလို ပြည်ပ သတင်း မိဒီယာနှင့် တော်လှန် အင်အားစုတွေကိုလည်း ပြည်တွင်းအခြေအနေ မှန်တွေကို သိရှိအောင် လုပ်ဆောင်နေ လျှက်ရှိ တဲ့အတွက် စစ်အာဏာပိုင်တွေက generation waveအဖွဲ့နှင့် အဖွဲ့နှင့်ပတ်သက် ဆက်နွယ်နေသူတွေကို အဆက်မပြတ် လိုက်လံ ဖမ်းဆီးလျှက် ရှိပါတယ်။

Feeling a song of Kyar pauk by aunty may nyane

Hey guyz!!! go and see this link and feel the means of kyar pauk song name ayin atine yangon from

AD3000 Album.
ohh!!! It's so f***ing cool. He's a great artist rebel.
Why not u are???

http://maynyane.blogspot.com/2008/06/blog-post_16.html#links

Please Stand Up

We are coming

Wanted!










ကျော်ကိုကို၂၀၀၇ကျောင်းသားခေါင်းဆောင်
ဒီလိုလူငယ်ပီသတဲ့လူငယ်စစ်စစ်တွေလိုနေတယ်။

ငါတို့ အနာဂတ်အတွက်…မင်းတို့ ငါတို့ 

အဲဒီလို သတ္တိမရှိရင်……………….???

နေပါဦး ဘာလို့ ငါတို့ မင်းတို့ ကအဲလိုမဖြစ်နိုင်ရမှာလဲ???

တော်လှန်ရေးဆိုတာ...မင်းတို့ ငါတို့  လူငယ်တွေဟစ်ကြွေးရမယ့်...

သမိုင်းကပေးတဲ့ တေးတပုဒ်ဆိုတာ...သူတို့ လမ်းပြခဲ့ကြတယ်...

ခုငါတို့ ကျောင်းလွယ်အိတ်တွေထဲ...ဘာတွေသယ်ဆောင်နိုင်ခဲ့လ

ငါတို့ သမိုင်းစာအုပ်ကို...ဘယ်သူ့ ကိုရေးခွင့်ပေးမှာလဲ...

ငါတို့ မနက်ဖြန်တွေအတွက်...ဘာတွေယူဆောင်သွားမှာလဲ???????





Wanted



















ဇေယျာသော်(Nitric Acid)

Leader Of Generation Wave

ဒီလိုလူငယ်ပီသတဲ့၊တိုင်းပြည်ကိုတကယ်ချစ်တဲ့အနုပညာရှင်တွေဘယ်မှာလဲ။

လူတွေကိုလိမ်စားနေတဲ့အတုပညာရှင်တွေကိုရောငါတို့ က

ဘာလို့ အားပေးနေဦးရမှာလဲ…..

စိုင်းစိုင်းခမ်းလှိုင်.အနဂ္ဂ.ဘာဘူ.သားစိုး

TooBig.ဂျေမီ.BigBag.နောနော်.Rဇာနည်.ဖြိုးကြီး

Lလွန်းဝါ.ကြိုးကြာ.ဖိုးကာ.မင်းခိုက်စိုးစန်.ဝေမှုးသွင်.

မိုးစက်လင်းထက်.အကြည်တော်...etc
ဘာလုပ်နေကြတာလဲ...

သိပ်ပျော်နေကြလား...ငါတို့ ကျွေးတဲ့ထမင်းကိုစားပြီးသန်းရွှေအမြီးကိုဆွဲနေကြမှာလား...

မရှက်တတ်ကြဘူးလား...မင်းတို့ နိုင်ငံမဟုတ်ဘူးလား...

ငါတို့ နိုင်ငံကိုတကယ်ချစ်ရင်...ငါတို့ နဲ့ အတူတိုက်ပွဲဝင်ပါ...

စစ်မှန်တဲ့အနုပညာလွတ်လပ်ခွင့်ကိုမြတ်နိုးရင်...

သတ္တိရှိရှိတော်လှန်ပါ...ပြည်သူတွေထမင်းမ၀ရင်မင်းတို့ လည်း...

အဆင်းလှမှာမဟုတ်ဘူးဆိုတာသိထားပါ...

ငါတို့ ဘိုးဘေးဘီဘင်...စစ်မှန်တဲ့အနုပညာရှင်တိုင်းနိုင်ငံအတွက်

တော်လှန်ခဲ့ကြတယ်...

ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်...ပြီးရင်

ဇေယျာသော့်ပုံကိုကြည့်၊ ကိုကျော်သူ့ ပုံကိုကြည့်၊နေဘုန်းလတ်ပုံကိုကြည့်၊

စောဝေပုံကိုကြည့်၊ဦးဇာဂနာပုံကိုကြည့်၊ဆောင်းဦးလှိုင်ပုံကြည့်

ကိုအောင်ဝေးပုံကိုကြည့်...

ပြီးရင်ကိုယ့်ကိုကိုယ်တခါပြန်ကြည့်...

အဲဒါမှမသိသေးရင်မင်းတို့ ......